SEEKING THE TRUTH သစ္စာတရားကိုရှာဖွေခြင်း

့He went at first to a well-known ascetic named Alara Kalama and atudied his doctrine.
ရှေးဦးစွာသူသည် ထင်ရှားကျော်ဇောသော အာဠာရကာလာမထံ သို့သွားရု ၄င်းထံမှတရားကိုနည်းခံယူလေ၏။
He was not pleased with his system because he could teach him up to a certain mental stage only.
ရသေ့၏ သင်ပြမှုတို့မှာ လောကီဈာန်အဆင့်မျှကိုသာ သင်ပေးနိုင်းသောကြောင့်ဘုရားလောင်းသည် အားရတင်းတိမ်ခြင်းမရှိခဲ့ပါ။
As he did not get what he sought he went againg to another famous ascetic named Udaka Ramaputta.
၎င်းရှာဖွေနေသောတရားကိုမတွေ့ရှိသောကြောင့် နောက်တစ်ဖန်ဥဒက ရာမပုတ္တ ဟုခေါ်သော ထင်ရှားသော ရသေ့ကြီးတစ်ပါးထံ သွားရောက်ခဲ့ပါသည်။
He was not pleased with his system either as he could also teach only up to a certain higher mental stage.
ထိုဥဒကရသေ့ကြီးမှလည်း အထက်ဈာန်အဆင့် မျှအထိသာ သင်ကြားပေးနိုင်သောကြောင့် ထိုရသေ့ကြီး၏ သင်ကြားမှုကိုလည်းကျေနပ်နှစ်သက်ခြင်းမရှိခဲ့ပေ။
့Because he was seeking Nibbana, the end of all sufferings.
ဘုရားလောင်းသည် ဒုက္ခခပ်သိမ်းချုပ်ငြိမ်းရာ နိဗ္ဗာန်သွားရာလမ်းကိုသာရှာဖွေနေခြင်းဖြစ်ပါသည်။
He chose Uruvela, a beautiful quiet spot.
ဘုရားလောင်းတော်သည် တိတ်ဆိတ်အေးချမ်းရု သာယာလှပသောဥရုဝေလတော အုပ်ကိုရွေးချယ်ခဲ့ပါသည်။
Five monks named Kondanna, Vappa, Bhaddiya, Mahanama, and Assaji, attended on him.
ကောဏ္ဍည၊ ၀ပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ် နှင့် အသ်သဇိဟုခေါ်သော ပဉ္စ၀ဂ္ဂီ ငါးပါးမှ အလုပ်ကြွေးပြုခဲ့ကြသည်
He struggled for six long years.
(၆)နှစ်လုံးလုံး ကြိုးပမ်းအားထုတ်ခဲ့ရပါသည်။
He did many penances. He underwent much suffering. He practised many forms of severe austerity. He tormented his body so much so that his body was reduced to almost a skeleton.
သူသည်မိမိကိုယ်ကို မိမိ အပြစ်ပေးခြင်း၊ ဒုက္ခအခက်အခဲ များစွာကို ခံစားခဲ့ရသည်။ ဒုက္ကရစရိယာခေါ် ပြုနိုင်ခဲသောအကျင့်အမျိုးမျိုးတို့ကို ကျင့်ခဲ့၏။ (ဥပမာ- ဆွမ်းမစားပဲနေခြင်းစသည်) ထိုသို့ခန္ဒာကိုယ်ကို ညှင်းပန်းသကဲ့သို့ ကျင့်ဆောင်ခြင်းကြာင့် ၄င်း၏ခန္ဒာကိုယ်မှာ အသွေးအသားများ မရှိတော့ဘဲ အရိုးနှင့်အရေသာ ကျန်ရှိခဲ့တော့၏။
His gokden-coloured skin turned pale. His blood dried up.His eyes were sunk. He was almost on the verge of death.
စိုပြေ၀ါဝင်းသော အဆင်းတော်သည် ညိုပဲခြောင်သွေ့သွားတော့၏။ အသွေးတော်များခန်းခြောက်သွားခဲ့ပြီ ၄င်း၏မျက်စိတော်များမှာ မျက်လုံးအိမ်အတွင်း ချိုင့်ရု ၀င်နေ၏ ဘုရားလောင်းသည် သေလုဆဲဆဲအခြေနေသို့ရောက်ခဲ့ပေ၏။

0 comments:

Post a Comment